စဉ့်ကူး  ၅  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှကြီးမှူး၍ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြု လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အားကစားပြိုင်ပွဲများဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ (၇)ရက်နေ့တွင်လည်းကောင်း၊ ဘော်လီဘော ပြိုင်ပွဲကို ဒီဇင်ဘာ (၁၄)ရက်မှ (၁၅) ရက်နေ့ထိလည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ (၂၈)ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး အားကစား ဝါသနာရှင်များ အနေ့ဖြင့်လာ ရောက်ပါဝင်ရှင်ပြိုင်နိုင်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)