ဖလမ်း ၅ ဒီဇင်ဘာ

 

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (World AIDS Day) တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်အစိုးရရဲ့ ရန်ပုံငွေထည့်ဝင်မှုဟာ (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်မှာ ၁၂ ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း HIV/AIDS ရောဂါဆိုင်ရာအသုံးစရိတ်ဆန်းစစ်လေ့လာချက်အရ သိရှိရကြောင်း၊ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်မှစတင်ပြီး နှစ်စဉ်အေအာတီဆေး ကုသရေးလုပ်ငန်းအတွက် ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူဖြည့်တင်းရန် အမေရိကန်ဒေါ်လာ(၁၄)သန်းနှင့် မက်သာဒုန်း ဆေးဝယ်ယူဖြည့်တင်းရန် အမေရိကန်ဒေါ်လာ(၁၁)သန်းတို့ကို ရန်ပုံငွေခွဲဝေချထား ပေးလျက်ရှိပါကြောင်း၊ HIV/AIDS ရောဂါကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများတွင် ရောဂါကူးစက်ခံရမှု အများဆုံး တွေ့ရှိရပါကြောင်း၊ HIV/AIDS ရောဂါနဲ့ဆက်နွယ်သော သေဆုံးမှုများ လျှော့နည်းရေး စတဲ့ရည်မှန်းချက်များပြည့်မီပြီး ၂၀၃၀ ပြည့်နှစ်မှာ HIV/AIDS ပိုးကူးစက်မှုကင်းဝေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာမယ်လို့ ယုံကြည်ကြောင်း” ပြောကြားသည်။

 

mdn

 

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆေးရုံဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

ဂျွန် (ပြန်/ဆက်)