ဆော ၅ ဒီဇင်ဘာ

 

ဂန့်ဂေါခရိုင်၊ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နေ ပြည်သူများအတွက် ဆောမြို့တွင်းရှိ လမ်းများ၌ မီးအလင်းရောင် ရရှိစေရန် လမ်းမီးတိုင်များတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး သွားသော မီးသီးများ အစားထိုးလဲလှယ်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် အသစ်တပ်ဆင်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၄ ရက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

08

 

ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဆိုပါ လမ်းမီးလင်းရေး လုပ်ငန်းများအပြင်  မြို့တွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များအား အဆင့်မြှင့်တင် ခင်းကျင်းခြင်း၊ မြို့တွင်းသန့်ရှင်း သာယာလှပရေးအတွက် အမှိုက်သိမ်းယာဉ်များဖြင့် အမှိုက်များ သိမ်းဆည်းခြင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်နေသည့် စည်ပင်သာယာဈေးကို အမြင်တင့်တယ်သည့် ဈေးအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။

 

09

 

ဇော်မျိုးသန့်(ပြန်/ဆက်)