လဟယ်           ၅  ဒီဇင်ဘာ     

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာပြခန်းနှင့် နာဂရိုးရာပြခန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နေမှုကို ယနေ့ နံနက် ၁၀ နာရီက ဒေသဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လုပ်ငန်း ဆပ်ကော်မတီအလိုက် မှာကြားခဲ့ကြောင်း သိရသည်။

 

mdn

 

၂၀၂၀ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မူးယစ်ဆေးဝါး ဆိုင်ရာ၊ အိမ်တွင်းမှု၊ လူငယ်သင်တန်းကျောင်း၊ န.တ.လ၊ နာဂရိုးရာပြခန်းသုံးခန်းနှင့် ရိုးရာလက်မှုပြခန်း နှစ်ခန်း စုစုပေါင်း ပြခန်း (၁၂) ခန်းတို့ကို ပြသသွားမည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ရာနှုန်းပြည့်ပြီးစီးပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ သက်ဆိုင်ရာဌာနများအား အပြီးသတ် အပ်နှံသွားမည်ဖြစ်ကြောင်း လုပ်ငန်းတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကယ်ထံမှ သိရသည်။

 

စနေမောင်(ခန္တီး)

 

mdn