လားရှိုး  ၅  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် တာဝန်ရှိလူကြီးမင်းများနှင့်အတူ ဒီဇင်ဘာ ၅ ရက် နံနက် ၉နာရီက လားရှိုးမြို့ ရပ်ကွက်(၁) ထင်းရှူးမြိုင်အိမ်ရာအနီးရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းပေးသော (၃)ထပ်ဆောင်နှင့် (၁)ထပ်ဆောင် ဆောက်လုပ်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

၄င်းအဆောက်အဦများသည် စစ်ဘေးသင့်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာတွင် လိုအပ်လျက်ရှိနေသောကြောင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အလျားပေ(၈၀) အနံ ပေ (၃၀) အမြင့်(၂၈)ပေရှိ သံကူအဆောက်အဦ(၃)ထပ်နှင့် အလျား(၆၀)ပေ အနံ(၅၀)ပေ အမြင့်(၁၂)ပေရှိ သံကူ(၁)ထပ်အဆောက်အဦပြီးစီးမှုအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်စစ်ဆေးခဲ့ပြီးနောက် ရှမ်းပြည်အစိုးရအဖွဲ့က ငွေကျပ်သိန်း(၃၀)ကို စစ်ဘေးသင့်မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေး ဂေဟာအတွက် ပေးအပ်လှူဒါန်းခဲ့သည်။

 

mdn

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြင့်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေသည့် လားရှိုးမြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၂)စုမှ ပြည်သူ (၇၆၅)ဦးတို့အတွက် အိမ်ထောင်စုစာရင်း/မွေးတိုးစာရင်း(၁၀၇)ခု၊ မှတ်ပုံတင်(၅၀၂)ခု၊ ယာဉ်မောင်းလိုင်စင်(၁၄၆)ခုတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ လူကြီးမင်းတို့က ပြည်သူတို့၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

 

mdn