နေပြည်တော် ၅ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပြည်ထောင်စုရှေ့နေချုပ်ရုံး ပြည်ထောင်စုဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အမှာစကားပြောကြားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်တို့သည် တရားလွှတ်တော်ရှေ့နေများ ကောင်စီရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တင်ပြဆွေးနွေးမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး၍ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


