နေပြည်တော်     ဒီဇင်ဘာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး သည် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံအမတ်ကြီး Mr. Kerem Divanlioglu နှင့် အဖွဲ့အား ယနေ့မွန်းလွဲ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ- လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနှင့် တူရကီ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ မြန်မာနိုင်ငံမှ အထည်အလိပ်ပို့ကုန်များ တူရကီနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပညာရေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍ၊ လေကြောင်းကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် တူရကီနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရေး၊ မြန်မာနိုင်ငံအတွက် အလုပ်သင်သင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ပံ့ပိုးပေးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုကဏ္ဍတို့သည် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ စီးပွားရေးလုပ်ငန်းများအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့အပြင် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ကုန်စည်ပြပွဲများ၊ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး အစီအစဉ်များအား ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

သတင်းစဉ်