နေပြည်တော်  ၅   ဒီဇင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဖော်ဆောင်ရာတွင် လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်နိုင်ရန် မဟာဗျုဟာစီမံချက် (၂၀၂၀ - ၂၀၂၅)ကို အာဆီယံ အထောက်အကူပြု မဟာဗျူဟာစီမံချက် ၂၀၂၅ နှင့်ကိုက်ညီအောင် ဆောင်ရွက်နေမှုများ၊ ယင်းမဟာဗျူဟာကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်က ကျင်းပမည့် မသန်စွမ်းအနုပညာပွဲတော်၌ အဆိုပါမဟာဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပွဲတော်သို့ မသန်စွမ်းသူများ ပါဝင်ဆင်နွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)