နေပြည်တော် ၅ ဒီဇင်ဘာ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စတာ သောမက်စ် ကာလ် နိုင်ဇင်ကာအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဂျာမနီနိုင်ငံမှ ကုမ္ပဏီများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေ မှုများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင်ရေး၊ ဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက်နေသော စီမံချက်များနှင့် အနာဂတ်စီမံချက်များတွင် ဂျာမနီနိုင်ငံမှ နည်းပညာနှင့် ဘဏ္ဍရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ရေးတွင် ဂျာမနီနိုင်ငံမှ ပံ့ပိုးကူညီနိုင်ရေး၊ National Renewable Energy Committee (NREC) ဖွဲ့စည်းမှုနှင့် အနာဂတ်လျှပ်စစ်စွမ်းအားထုတ်လုပ်မှုတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှု တိုးမြှင့်ရေး ရည်မှန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မူဝါဒ၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ အသီးသီးတွင် စွမ်းရည်မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီနိုင် ရန် စသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်