နေပြည်တော်  ၅   ဒီဇင်ဘာ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနဆိုင်ရာတွဲဖက် ဝန်ကြီး Ms. Indranee Rajah အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M. Galleryby Sofitel ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

 

အဆိုပါ ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းတို့ တက်ရောက်ကြသည်။

 

(သတင်းစဉ်)