မန္တလေး ၆ ဒီဇင်ဘာ

Feel The Exciting YAMAHA ဆိုင်ကယ် စတန့်ရှိုးပွဲကို ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့တွေမှာ မန္တလေးမြို့ ၊ မန္တလာသီရိ အားကစားကွင်းမှာ ပြသမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစတန့်ရှိုးတွင် မော်တော်ဆိုင်ကယ်အနှေးစီးပြိုင်ပွဲ ၊ ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရေး သင်ခန်းစာများဝေမျှခြင်း၊ နာမည်ကျော်တေးသံရှင်များမှ သီဆိုဖျော်ဖြေခြင်း၊ ဥာဏ်စမ်းပဟေဠိအစီစဥ်၊ ဂိမ်းအစီစဥ်များနှင့် Feel The Exciting အစီအစဉ်ဖြင့် ဂျပန်လူမျိုး Kenichi Kuroyama မှ Yamaha ဆိုင်ကယ် စတန့်ရှိုး ပြသမည်ဖြစ်ကြောင်း သိရသည်။

 ၂၀၁၉ ခုနှစ်တွင် Feel The Exciting အစီအစဉ်ဖြင့် Yamaha ဆိုင်ကယ် စတန့်ရှိုးအပွဲများကို ဟင်္သာတမြို့ ၊ ပဲခူးမြို့ ၊ မုံရွာမြို့ ၊ ပြည်မြို့တို့တွင်ကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ဝိုင်