မုံရွာ ၆  ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ်၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရ ဖွင့်လှစ်သော Ball Badminton သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး မြသလ္လာ တင်းနစ် ကွင်း၌ ကျင်းပသည်။

 

02

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “ကမ္ဘာ့အိုလံပစ် အားကစား ပြိုင်ပွဲတွင် အိန္ဒိယ အမျိုးသား အားကစားနည်းအဖြစ် ထည့်သွင်းနိုင်ရေး အတွက်  အဖွဲ့ဝင် နိုင်ငံအင်အားများစေရန် ရည်ရွယ်၍ အိန္ဒိယနိုင်ငံမှ နည်းပြ(၂)ဦးကို မုံရွာမြို့ကို ဦးစားပေးစေလွှတ်ကာ ယခုလို သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ Ball Badminton သင်တန်းသား၊ သင်တန်းသူများအား ပြိုင်ပွဲအသွင် လေ့ကျင်စေပြီး လာမည့်ကာလများ၌ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပြိုင်ပွဲများအဖြစ် အိန္ဒိယနိုင်ငံမှ လာရောက်ကစားမည်ဖြစ် ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေနဲ့လည်း နောင်တစ်ချိန်မှာ နိုင်ငံ့လက်ရွေးစင်အဖြစ် ကစားခွင့်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် ပညာလိုချင်စိတ် များဖြင့် သင်တန်းအစမှ အဆုံးထိ တက်ရောက် ပေးကြတဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ”သင်တန်းဆင်းအမှာစကားပြောကြားသည်။

 

89

 

ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ Ball Badminton သင်တန်းဆရာ D.JOHN JOSEPH,နှင့် K.MOHANA RAO KODIတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြု လက်ဆောင်များကို ပေးအပ်ပြီး သင်တန်းဆရာနှစ်ဦးမှ သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသား သင်တန်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းဆရာ K.MOHANA RAO KODI မှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

 

8

 

ယင်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းဆင်း အမျိုးသားအဖွဲ့နှင့် အမျိုးသမီး အဖွဲ့တို့၏ သရုပ်ပြကစားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

898

 

အဆိုပါ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစား ဆပ်ကော်မတီးအသီးသီးမှ တာဝန်ရှိသူများ၊  သင်တန်း နည်းပြဆရာများနှင့် သင်တန်းသား (၂၅)ဦး၊ သင်တန်းသူ(၁၃)ဦး စုစုပေါင်း ၃၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလ နိုဝင်ဘာ ၁၅ ရက် နေ့မှ ဒီဇင်ဘာ (၆)ရက်နေ့အထိ ၁၇ ရက်ကြာ သင်ကြာပို့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

89204

 

ထွန်းကိုကို(ယင်းမာပင်)