မြောင်းမြ      ၆   ဒီဇင်ဘာ  

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော မြောင်းမြ မြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာ ခန်းမ၌ ကျင်းပသည်။

 

86

 

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသောင်းတင်ထွေးက အမှာစကားပြော ကြာပြီး  ကလေးစာပေပွဲတော် ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း ကူညီလှူ ဒါန်းကြသော မြို့မိမြို့ဖများ၊ အလှူ ရှင်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့် ခြင်း၊ ကလေးစာပေပွဲတော်တွင် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ ကလေးငယ်များအား အသီးသီးဆုများ ပေးအပ်ခဲ့သည်။

 

89

 

ဧရာဝတီတိုင်းဒေသကြီး၏ နဝမမြောက် ကျင်းပသော  မြောင်းမြမြို့ ကလေးစာပေ ပွဲတော်သို့ မြို့နယ်အတွင်း ကျေးရွာအသီးသီးရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၆၀ဝ၀ဝ ကျော် စည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ (၄၀)အား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မင်း(မြောင်းမြ)