ဝန်းသို ၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ၁နာရီက ဂျိုးတောင်-အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဒေါ်အမာကြည်က အန္တရာယ် ရှိ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် ဓာတုဆိုးဆေးပါသော အစားအသောက်များ အကြောင်းကိုလည်းကောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူက မီးသတ်ဝေါဟာရ၊ ဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် ကျောင်းအပ်ခြင်း ခေါင်းစဉ်တို့ကိုလည်းကောင်း အသိပညာပေး ပြောကြားပြီး မေးခွန်းများ မေးမြန်းကာ ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက စာအုပ်များ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၄၀ဝ ကျော် တက်ရောက် ခဲ့ကြောင်းသိရသည်။

ကျော်မြိုင်(ပြန်/ဆက်)