ကံမ ၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အရှိုချင်းတိုင်းရင်းသားများနေထိုင်သည့် ရွာသစ်ကျေးရွာနှင့်ဘန့်ဘွေးကျင်းကျေးရွာတို့ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ယမန်နေ့ နေ့လယ်က သွားရောက်၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စာဖတ်ဝိုင်းပြုလုပ်ရာတွင် UNICEF(မြန်မာ)မှ ပေးပို့သည့် တိုင်းရင်သားဘာသာစာပေများဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များကိုလည်း ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)