ဝန်းသို ၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်းတစ်ထောင် ထောက်ပံ့ငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၆ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၂၉ ရွာနှင့် မြို့ပေါ်ရပ်ကွက်ကြီး ၄ ရက်ကွက်တို့တွင် လမ်းလုပ်ငန်း ၁၈ခု၊ တံတားလုပ်ငန်း ၁၃ခု၊ ရေရရှိရေးလုပ်ငန်း လေးခု၊ အခြားလုပ်ငန်း တစ်ခု စုစုပေါင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၃၆ ခုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့နယ်၌ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လမ်းလုပ်ငန်း ၂၀ခု၊ တံတားလုပ်ငန်း ၇ခု၊ ရေရရှိရေးလုပ်ငန်း ၅ခုနှင့် အခြားလုပ်ငန်း ၄ခု စုစုပေါင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ၃၆ခုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)