ဂန့်ဂေါ ၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဇိုတုန်ချင်းရိုးရာဝါးညှပ်ကပွဲ လေ့ကျင့်ပြုလုပ်ကြသည်။
အဆိုပါ ဇိုတုန်ချင်းရိုးရာဝါးညှပ်ကပွဲနှင့် စပ်လျဉ်း၍ "ဇန်နဝါရီလတွင် ကျင်းပမည့် ကလေးစာပေ ပွဲတော်တွင် ဇိုတုန်ချင်းရိုးရာဝါးညှပ်ကပွဲ ထည့်သွင်းကပြနိုင်အောင် လေ့ကျင့်နေတာ ၁ ပတ်ရှိပါပြီ၊ ချင်းရိုးရာဝါးညှပ်အက ကတော့ လူဦးရေ ၁၇ ယောက်နဲ့ လေ့ကျင့်နေပါတယ်၊ ယခုကပြလေ့ကျင့် နေတဲ့အက က စည်းလုံးချင်းကို ဖော်ဆောင်တဲ့အကဖြစ်ပါတယ်" ဟု ဇိုတုန်ချင်းတိုင်းရင်းသားစာပေ အဖွဲ့ခေါင်းဆောင် ဦးကုန်လျားမာန်က ပြောကြားသည်။
အဆိုပါ ဇိုတုန်ချင်းရိုးရာဝါးညှပ်ကပွဲသို့ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဦးနေမျိုးသူရ၊ ဇိုတုန်ချင်းတိုင်းရင်းသားစာပေအဖွဲ့ခေါင်းဆောင် ဦးကုန်လျားမာန်နှင့် အဖွဲ့ဝင်မှ ဒေါ်လုန်မဲန်တို့ ပါဝင်တက်ရောက်၍ စုစုပေါင်း ၆၀ ဦးတက်ရောက်ကြောင်း သိရသည်။
ထင်အောင်နိုင် (ပြန်ဆက်)