ငါ့သရောက် ၇ ဒီဇင်ဘာ
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲအချိန်က တောပျားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာဖတ်ဝိုင်းပြုလုပ် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓာတ်ပုံ-၂၊ ဦးဝင်းထိန် နှင့် တောပျားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့မှ လွတ်လပ်ရေးနေ့ အကြောင်းအရာများအား ပညာပေးဟောပြောသည်။
ပြီးနောက် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုး ပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ငါ့သရောက်မြို့ လှုပ်ရှားဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဓာတ်ပုံများပြသရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားစွာလေ့လာ ကြည့်ရှုမှတ်သားကြသည်။ ပြီးနောက် ကျောင်းသား ကျောင်းသူများ ဖတ်ရန်ယူဆောင်လာသည့် ကာတွန်း၊ ရုပ်ပြ၊ ပုံပြင် စာအုပ်များနှင့် ဂျာနယ်များအား ကျောင်းသား ကျောင်းသူများ ဖတ်ရှုစေကာ မိမိတို့ဖတ်မှတ်ထားသည့် အကြောင်းအရာများကို ပြန်လည်ပြောပြ ဆွေးနွေးခဲ့ကြောင်းသိရကာ အဆိုပါ ၇၂ နှစ်မြောက်လွတ် လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများနှင့် ငါ့သရောက်မြို့ အခြေခံပညာဦးစီးဌာန၊ တောပျားကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း