ချောက်  ၇   ဒီဇင်ဘာ   

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာအုပ်စု၊ ဝရကုန်းကျေးရွာ ကျေးရွာသူကျေးရွာ သားများ သောက်သုံးရေအဖြစ် အသုံးပြုလျက်ရှိသည့် မြေသားမိုးရေလှောင်ကန်ကြီးကို ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ “ မြေသားမိုးရေလှောင်ကန်သည် ဝရကုန်းကျေးရွာ၏ အဓိက မှီခိုအားထားရသည့် သောက်သုံးရေကန်ကြီး ဖြစ်ပါတယ်၊ ယခုအခါမှာ သဲနှုန်းများ ခြောက်ပေခန့်တက်ပြီး၊ မိုးရေသိုလှောင်နိုင်မှုနည်းပါးခြင်းနှင့် ရေဝပ်ဧရိယာကောင်းမွန်မှုမရှိသော ကြောင့် သောက်ရေသုံးရေများ လုံလောက်စွာမရှိပါဘူး၊ ကျွန်မတို့ဌာနအနေဖြင့် အဆိုပါကျေးရွာကို နွေရာသီရောက်တိုင်း သောက်သုံးရေပေးဝေရပါတယ်၊ အဲဒီကျေးရွာမှာ မြေအောက်ရေအဝီစိစက်ရေတွင်း တစ်တွင်းတော့ရှိပါတယ် ဒါပေမဲ့ ရေကငံနေတော့ သောက်သုံးရေအတွက်အဆင်မပြေပါဘူး၊ အဲဒါကြောင်း ကျွန်မတို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဆိုပါကျေးရွာ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ခိုင်ပဒေသာ ထွန်းကုမ္ပဏီမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်တယ်လို့” ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။

 

ဝရကုန်းကျေးရွာရှိ မြေသားမိုးရေလှောင်ကန်ပြုပြင်ခြင်းလုပ်ငန်းအား အလျား ပေ ၁၄၀၊ အကျယ်ပေ ၁၄၀၊ အနက် ၆ပေ တိုးချဲ့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်  ၁၁ သန်း ဖြင့် တင်ဒါအောင်မြင်သည့် ခိုင်ပဒေသာထွန်း ကုမ္ပဏီက စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးမိုးကျော်

 

22