ပေါင် ၈ ဒီဇင်ဘာ 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် စျေးသူ၊ စျေးသားများအား အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်္ဂလာစျေးအတွင်း၌ ပြုလုပ်ခဲ့ကြသည်။

 

93116

 

အဆိုပါ မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲတွင် သထုံခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်မှူး ဦးအောင်ကြင်ထွဋ် ဦးဆောင်ကာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးငြိမ်းကိုကိုဦးက မီးသတ်ဆေးဘူး အသုံးပြု နည်းလမ်းများ၊ မီးလောင်မှုဖြစ်ပေါ်ပါက မီးငြှိမ်းသတ်နည်းလမ်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စျေးသူ/စျေးသားများက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြခဲ့ကြကာ မီးသတ်ကားများဖြင့် အစမ်းလေ့ကျင့်ခဲ့ကြသည်။ 

 

93332

 

သရုပ်ပြပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးသူ/စျေးသားများ ပါဝင်ခဲ့ကြကာ အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

ဇင်မျိုးသူ