မိုးညှင်း ၈ ဒီဇင်ဘာ 

မိုးညှင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းစေရေး ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာလ(ပထမပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီတွင် ကျင်းပသည်။

 

9880

 

အဆိုပါလမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှေ့မှ စတင်ပြီး ရွှေဘို-မြစ်ကြီးနား လမ်းအတိုင်း၊ ထိုမှတစ်ဆင့် မြသိန်းတန်ဘုရားကြီးလမ်းရှေ့မှ နောင်စွန်းတံတားကြီး၊ ယင်းမှ နားခါရပ်ကွက်လမ်းကိုဖြတ်ပြီး မြစ်ကြီးနား-ရွှေဘိုလမ်းအတိုင်း မြို့နယ်ပြည်သူ့အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ကွင်းအတွင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများနှင့် Physical Fitness Dance အကများ စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။

 

99031

 

လူထုလမ်းလျှောက်ပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများ ပါဝင်ကြပြီး ဒီဇင်ဘာလ၏ ရက်သတ္တတစ်ပတ် စနေနေ့တိုင်း လူထုလမ်းလျှောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ နောက်ဆုံးပတ်လမ်းလျှောက်ပွဲတွင် ဆိုင်ကယ်တစ်စီးအပါအဝင်   အခြားဆုမဲများလည်း မဲဖောက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)