ရွှေသောင်ယံ ၈ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့ ကျောက်မောင်နှမကမ်းခြေနှင့် ဆင်စခန်းတို့တွင် ရုံးပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များတွင် အပန်းဖြေ ခရီးသွားပြည်သူများ စည်ကားလျက်ရှိရာ ဧည့်သည်များ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကမ်းခြေအား မှီခိုစီးပွားရှာသူများကို စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကမ်းခြေတစ်လျှောက်တွင် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအား ရွှေသောင်မြို့ ဌာနဆိုင်ရာ ပူးပေါင်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းအဖွဲ့များခွဲဝေ၍ တာဝန်ချသတ်မှတ်ကာ ယနေ့နံနက်မှ ညနေထိ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေး တာဝန်များ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


