လွိုင်လင် ၈ ဒီဇင်ဘာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာနနှင့် လွိုင်လင်ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(လွိုင်လင်) ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီက အထက(၁)ကျောင်းကွင်းပြင်တွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံး မှ ဒုတိယပြည်နယ်မှူး ဦးအားဗျော့ မှ ကလေးစာပေပွဲတော် (လွိုင်လင်)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိသူများအား ဆုကြေးငွေနှင့် အမှတ်တရ ဆုလက်ဆောင်အရုပ်များကို အလှူရှင်များက ပေးအပ်ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းမြင့် က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် လွိုင်လင် အထက(၁ ၊ ၂ ၊ ၃)မှ ကျောင်းသား /ကျောင်းသူကလေးများက ကလေးစာပေပွဲတော် သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)


