မြောင်းမြ ၈ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် သီလရှင် ဆရာကြီး ဆရာလေးများအား စတုတ္ထ အကြိမ်မြောက် ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ညနေ ၃ နာရီအချိန်က မြောင်းမြမြို့ သုဇိတာရုံ စမ်းချောင်းကျောင်း ၊ ခေမာသီရိဓမ္မာရုံ၌ ကျင်းပသည်။
"ဗုဒ္ဓမြတ်စွာသာသနာကို စောင့်ရှောက်နေကြတဲ့ သီလရှင်တွေမှာ ဆွမ်း ၊ အစရှိတဲ့ ပစ္စည်းလေးပါး အလှူ နည်းပါးတဲ့အတွက် သဒ္ဓါတူညီတဲ့ အလှူရှင်တွေပေါင်းစုပြီး နှစ်စဉ် စာရေးတံမဲ လောင်းလှူ ကြတာ ခုဆိုရင် စတုတ္ထအကြိမ်ဖြစ်ပါတယ်" ဟု သုဇိတာရုံ စမ်းချောင်းကျောင်းတိုက်ဆရာတော်က မိန့်ကြားသည်။
မြောင်းမြမြို့တွင် သီလရှင် ဆရာကြီး ဆရာလေးများအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲတွင် မြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက် (၂၃ )ကျောင်းမှ ဆရာကြီးဆရာလေး အပါး ၂၀ဝ ကျော်တို့အား ဆွမ်းဆန်အိပ် နှင့် စာရေးတံမဲ တန်ဖိုးငွေ ၃၆ သိန်း ငါးသောင်းခန့် လောင်းလှူ ပြီး စမ်းချောင်းလူငယ်များအဖွဲ့နှင့် ရပ်ကွက်ပြည်သူများကလည်း ဆွမ်းဆန်နှင့် စာရေးတံမဲများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)


