နတ်တလင်း    ၉    ဒီဇင်ဘာ     

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပညာပါရမီဖောင်ဒေးရှင်း (စတုတ္ထအကြိမ်) မြောက် တက္ကသိုလ်ပညာသင် ထောက်ပံ့‌ငွေပေးအပ်ခြင်းနှင့်ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်း ဗဟိုမူလတန်းကျောင်းခန်းမ‌၌ ကျင်းပြုလုပ်သည်။

 

650110

 

အခမ်းအနားတွင် နတ်တလင်းမြို့ ပညာပါရမီဖောင်ဒေးရှင်းအကျိုးဆောင်ဥက္ကဌ ဆရာကြီးဦးတင်ငွေက အဖွင့်အမှာစကား‌ပြောကြားသည်။ ထို့နောက်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းနှင့် ကျောင်း(ခွဲ) ၁၀ ကျောင်းတို့တွင် တက်‌ရောက်ခဲ့ပြီး တက္ကသိုလ်အသီးသီးသို့ ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသူ‌ ပထမနှစ်(၁၀)ဦး၊ ဒုတိယနှစ်(၁၀)ဦး၊ တတိယနှစ်(၈)ဦး၊ စတုတ္ထနှစ်(၃)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၃၁)ဦးကိုအဖွဲ့၏ အကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူများက တက္ကသိုလ် ပညာသင်ထောက်ပံ့ငွေကျပ်(၆၃)သိန်းကို တက်‌ရောက်သည့် သက်ဆိုင်ရာ တက်ရောက်နေသည့် တက္ကသိုလ်များအလိုက် အသီးသီးပေးအပ်‌‌ထောက်ပံ့ခဲ့ပြီး ငွေပဒေသပင် စိုက်ထူလှူဒါန်းကြသည့် အလှုရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။ 

ပညာပါရမီဖေါင်ဒေးရှင်းသည် ယနေ့လှူဒါန်းသည့်အလှူငွေအပါအဝင် သိန်း(၆၅၀)စိုက်ထူထားရှိပြီး နှစ်စဉ်‌ပညာသင်စရိတ်အဖြစ်‌ထောက်ပံ့‌‌ပေးအပ်သွားမည်ဖြစ်ကြောင်းအကျိုး‌တော်‌ဆောင်အဖွဲ့ထံမှသိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)