ကျောက်မဲ   ၉  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်၊ အသေးစား လက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းမှ လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဒီဇင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရက်ကန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရပ်မိရပ်ဖ ဦးစိုင်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့က အမှာစကား ပြောကြားခဲ့ပြီး ရက်ကန်းကျောင်းအုပ် ဒေါ်နွယ်နီက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်/ခဲ အမျိုးအမျိုး၊ သဘာဝသစ်သီးများဖြင့် ပြုလုပ်သည့် ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ခရင်မ်အမျိုးမျိုး၊ မျက်နှာလိမ်းပေါင်ဒါ၊ နူတ်ခမ်းနီ စသည့် လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ၏ ထုတ်လုပ်နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ခရိုင်ပြန်/ဆက်)