အိမ်မဲ ၉ ဒီဇင်ဘာ
ကျောင်းသား ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အနုပညာကို လေးစားတန်ဖိုးထား တတ်စေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၉ ရက် မွန်းလွဲပိုင်းက အိမ်မဲမြို့နယ်ရုံး ကလေးစာဖတ်ခန်း တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြေားကြားခဲ့ပြီး အမက-လယ်ပေါ်ကျောင်း မှကျောင်းသား ကျောင်းသူ (၂၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲတွင် ဆုရရှိ သူများအား မြို့နယ်ဦးစီးမှူးမှ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်(ပြန်/ဆက်)