တောင်ကြီး       ၉   ဒီဇင်ဘာ     

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယခင်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီတို့တွင် ကျင်းပ နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ(၉)ရက် နံနက်(၉)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

 

459

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပေးပို့သည့်သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကဖတ်ကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော် အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေး စိတ်ဆန္ဒရှိမှု ပိုမို ပေါ်လွင်စေပြီး ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေး၊ ပညာရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ သက်ရောက်မှုရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂ၏ ဦးတည်ချက် (Theme)ကတော့ “Together, We are United Against Corruption” (အဂတိ တိုက်ဖျက်ရေး တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ အားလုံး စုပေါင်းညီညွှတ်ကြပါစို့) ဆိုသည့်ခေါင်းစဉ် နှင့်အညီ လူသားမျိုးနွယ်စုအတွင်း လှိုက်စားနေသော အဂတိလိုက်စားမှုကို ပြည်နယ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းညီညာ စွာဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

 

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံသဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်း ပြောကြားပြီး  UNDP မှ ရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip အားပြသ၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် အစိုးရကျောင်းသားကျောင်းသူများက တေး သရုပ်ဖော် များဖြင့် ဖျော်ဖြေတင်ဆက်ကာ စာစီစာကုံး၊ ကာတွန်း၊ ကဗျာပြိုင်ပွဲနှင့် Role Play  ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)