မန္တလေး ၉ ဒီဇင်ဘာ

 

ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးတော်ဥယာဉ်တွင်  ၁၄ ကြိမ်မြောက်အဖြစ် ကျင်းပသော ပန်းပွဲတော်တွင် နိုင်ငံလေးနိုင်ငံအား ကိုယ်စားပြုသည့် ပန်းပြကွက်များ ပါဝင်ပြသမည်ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယာဉ်မန်နေဂျာ ဦးဝေမျိုးအောင်ထံမှ သိရသည်။

 

089637

 

ယခုနှစ်ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ကာ ပန်းအမျိုးအစားပါင်း (၆၀) ကျော် ပါဝင်ပြီး အပင်ပေါင်း သုံးသိန်းကျော်ကို စိုက်ပျိုး ပြသွားမည်ဖြစ်သည်။

 

"ဒီနှစ်မှာလည်း ပန်းတွေကနိုင်ငံခြားမျိုးစိတ်တွေပါတယ် ။ အဲ့တော့ မပျက်စီးအောင် တော်တော်လေးကို ဂရုစိုက်နိုင်မှ ပြသထားတဲ့ပန်းတွေက ခိုင်ခံ့မှာပေါ့ ။ နောက်ပြီး ပန်းတွေအများစုက ဆောင်းရာသီ ပန်းတွေ ဆိုတော့ ရာသီဥတုအပြောင်းအလဲရှိရင် ပန်းတွေက မခိုင်တာများတယ်။ အဲ့တော့ အစားထိုးမှု တွေလည်း စီစဉ်ထားတယ် ။ ဒီနှစ်ပန်းပွဲတော်ကို လာတဲ့လူဦးရေက တော်တော်လေးများမယ် ထင်ပါတယ် ။ နောက်ပြီး ခရစ်စမတ်နေ့နဲ့ ခရစ်စမတ်အပြီးနေ့မှာလည်း show ပွဲတွေ စီစဉ်ထားပါတယ် " ဟုဦးဝေမျိုးအောင် ကပြောသည်။

 

25

 

ပန်းပွဲတော်တွင် မြန်မာနိုင်ငံကိုယ်စားပြု နေကြာပန်း ဝင်္ကပါ (Amazing Sunflower Maze) ၊ နယ်သာလန် ကိုယ်စားပြု ကျူးလစ်ပန်းပြကွက် (Netherlands Flower Culture) ၊ UK ကိုယ်စားပြု နှင်းဆီပန်း ပြကွက် (UK Flower Culture) နှင့် အီတလီကိုယ်စားပြု လီလီပန်းပြကွက် (Italy Flower Culture ) ကိုထည့်သွင်းပြသမည် ဖြစ်သည်။

 

"ပန်းပွဲတော်ကိုမြန်မာနိုင်ငံရဲ့ ထင်ရှားသောပွဲတော်တစ်ခုဖြစ်လာစေရန်ဖို့ ရာသီအလိုက် ပန်းများကို တစ်ချိန်တည်း တစ်နေရာတည်း ခံစားခွင့်ရရှိစေဖို့ မြန်မာနိုင်ငံ၏ ပန်းစိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ စီးပွားရေး ကဏ္ဍကို အထောက်အကူပြုစေဖို့နဲ့ ခရီးသွားကဏ္ဍမြှင့်တင့်ပြီး ဒေသဖွံ့ဖြိုးမှုအား အထောက်အကူ ပြုစေဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ " ဟု ၎င်းကဆက်ပြောသည် ။

 

258

 

ယခုနှစ် ပန်းပြပွဲတွင် ပြကွက်များကိုနယ်သာလန်နိုင်ငံပညာရှင်များဖြင့် ဖန်းတီးထားခြင်းဖြစ်ပြီး နေကြာပန်း ၆၀,ဝဝဝ၊ ကျူးလစ်ပန်း ၆၅,ဝဝဝ၊ နှင်းဆီပန်း ၉၀,ဝဝဝ အသုံးပြုမည်ဖြစ်ပြီး ပြည်တွင်းမျိုး ၇၀,ဝ၀ဝ ကျော် ၊ နိုင်ငံခြားမျိုး ၃၀ဝ,ဝ၀ဝ ခန့်  ပါဝင်ပြသမည်ဖြစ်သည်။

 

89

 

ပြင်ဦးလွင် ပန်းပွဲတော် ကို ဒီဇင်ဘာလ (၁၅) ရက်နေ့ မှ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ တစ်လတိတိ ပြုလုပ် သွားမည် ဖြစ်ပြီး ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲ၊ သစ်ခွအလှပြိုင်ပွဲ၊ ပန်းအလှထိုးပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲများ ကိုထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။

 

89651

 

သူရိန်လင်း