နေပြည်တော်  ၉    ဒီဇင်ဘာ

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ လက်အောက်ရှိ တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အဖွင့်အမှာစကားပြောကြားခြင်း၊  တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြခြင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တားဆီးနှိမ်နင်းရေး ဌာနမှူး ရဲမှူးကြီး ဇော်လင်းက မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ထူးခြားဖြစ်စဉ်များ အခြေအနေ ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်း၊ တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက နိဂုံးချုပ်အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)