မန္တလေး  ၁၀    ဒီဇင်ဘာ          

 

 “လူငယ်နှင့် ယဉ်ကျေးမှု” ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊ မဟာ အောင်မြေမြို့နယ်ရှိ စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မန္တလေးခရိုင်၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ စံဟိန်းကိုယ်ပိုင်ကျောင်း ကြီးကြပ်အုပ်ချုပ်သူ ဆရာကြီး ဦးသန်းညိုက ကျေးဇူးတင်စကားပြောကြားသည်။

 

82

 

ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ကျော်၊ စာရေးဆရာ ညီပုလေးနှင့် မြန်မာစာဌာန ပါမောက္ခ (မန္တလေးအဝေးသင် တက္ကသိုလ်) ဒေါက်တာဇော်နိုင်တို့က ဦးဆောင်၍ ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာ သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်သူများက ပြန်လည်ဖြေကြားသည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)