မန္တလေး  ၁၀   ဒီဇင်ဘာ           

 

ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်မှု အခြေပြု အခြေခံဂဟေဆက် နည်းပညာမြှင့်တင်ရေး အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း၊ ၃၃လမ်းနှင့် ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ပညာဒါနကျောင်းဆောင်တွင် ကျင်းပသည်။

 

20252

 

အခမ်းအနားတွင် အစိုရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသက်လွင်တိုးက အမှာစကား ပြောကြားပြီး ဗြဟ္မစိုရ်လူမှုကူညီမှုရေးအသင်း နာယက ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြောကြားကာ မန္တလေးတိုင်းဒေသကြီး Third Party (Q.C) အဖွဲ့ခေါင်းဆောင် လေးပွက သင်တန်းသား များအား လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များကို ဩဝါဒစကား မြွတ်ကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 

520

 

အဆိုပါ အခမ်းအနားသို့ အစိုရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသက်လွင်တိုးနှင့် တာဝန်ရှိသူများ၊ ဗြဟ္မစိုရ်လူမှုကူညီမှုရေးအသင်းမှ အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီး Third Party (Q . C ) အဖွဲ့ခေါင်းဆောင် လေးပွနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ ဖွင့်လှစ်ပြီး သင်တန်းသား (၂၅)ဦး သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)