ကျွန်းစု ၁၀ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပထမအကြိမ်မြောက် ကတန်ကျွန်းလုံးဆိုင်ရာ မဟာဒုတ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာလ(၁၁)ရက်နေ့ နတ်တော် လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကျွန်းစုမြို့အတွင်းရှိ ဘုန်းကြီးကျောင်းများမှ မြသပိတ်(၅)လုံး၊ ရှင်သာမဏေ ရဟန်း(၁၈၅)ပါး၊ သီလရှင်(၆)ပါး၊ စုစုပေါင်း(၁၉၆)ပါးတို့အား တနင်္သာရီ တိုင်းဒေသကြီး ရေတပ်စခန်း ဌာနချုပ်၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာ(၁၅)ရွာတို့မှ (၇)ရက်သား/ သမီးစေတနာရှင်၊ အလှူရှင်များက နံနက်ပိုင်းတွင် မဟာဒုတ်ဆွမ်းဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ကျွန်းစုမြို့နယ် အတွင်းရှိ ပြည်သူများမှ ကျွန်းစုမြို့ဦး သံသရာအေးစေတီရှေ့မှ အမှတ်(၄) ရပ်ကွက်ထိ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဆွမ်းဆန်စိမ်း လောင်းလှူသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)