မြစ်ကြီးနား ၁၀ ဒီဇင်ဘာ
Unicode စနစ်အသုံးပြုနိုင်ရေးအတွက် အခမဲ့ဝန်ဆောင်မှုပေးခြင်းကို မြစ်ကြီးနားခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီခွဲမှ (၁၂)နာရီအထိ မြစ်ကြီးနားခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမရှေ့၌ ပြုလုပ်ပေးခဲ့သည်။

အဆိုပါ Unicode စနစ်ပြောင်းလဲပေးခြင်း အခမဲ့ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍“ပြည်သူများ Unicode စနစ်ကောင်းကျိုးများကို သိရှိလာစေရန်နှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ Unicode စနစ် အသုံးပြုရန် အတွက် နည်းပညာကျွမ်းကျင်ဝန်ထမ်းများက အခမဲ့ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း” မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှတာဝန်ခံ ဦးအောင်လွင်က ရှင်းလင်းပြောကြားသည်။

ထို့နောက် Unicode စနစ်ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းကို မြစ်ကြီးနားခရိုင် (Community Centre)တွင် နိုဝင်ဘာ(၂၂)ရက်က မြစ်ကြီးနားခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် NEXT SERVICES PROအဖွဲ့ တို့ပူးပေါင်း၍ ပထမအကြိမ်ဝန်ဆောင်မှုပေးခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)