သံတောင်ကြီး ၁၀ ဒီဇင်ဘာ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်ရှိသော အထင်ကရနေရာတစ်ခုဖြစ်သည့် နော်ဘူဘော ဆုတောင်းပြည့် တောင်သို့တက်ရန် လမ်းအား ပြန်လည်ပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေပါသဖြင့် လမ်းများပြုပြင်ဆောင်ရွက်နေစဉ် ကာလအတွင်း ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားကြောင်း သိရသည်။

အဆိုပါ တောင်တက်လမ်း ခင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခြေလျင် တောင်တက်ခရီးသည် တောင်ခြေအထိ ၃ ဖာလုံခန့်ရှိသဖြင့် ခြေကျင်တက်ရာတွင် အခက်အခဲ ဖြစ်မည့်သူများ သိရှိနိုင်စေရန် ကြိုတင်အသိပေးထားကြောင်း ပြန်/ဆက်မှ သိရသည်။
MDN
