နေပြည်တော် ၁၀ ဒီဇင်ဘာ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ငှက်ခါးပုံ ၁၀၀/- ကျပ်တန် အစဉ်သုံး စာပို့တံဆိပ်ခေါင်းသစ်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၂)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နတ်တော်လပြည့်ကျော် (၁)ရက် (ကြာသပတေး)နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ 

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဒီဇင်ဘာ (၁၂)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်