နေပြည်တော် ၁၀ ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဝင်းထွဋ်သည် Telenor MyanmarမှMr. Hans Martin HoegHenrichsen နှင့်အဖွဲ့၊ ကမ္ဘာ့ဘဏ်မှ မူဝါဒစည်းမျဉ်းစည်းကမ်းရေးရာ အကြီးတန်း အထူးကျွမ်းကျင်သူ Mr. Rajendra Singh တို့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် Telenor Myanmar အနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ဆက်သွယ်ရေးကော်မရှင်နှင့် ပတ်သက်သည့် မူဝါဒ၊ ဥပဒေပြုမှုများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

သတင်းစဉ်