နေပြည်တော် ၁၀ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်ပိုင်းက အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင်ဦးစီးသည့် တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကျင်းပမည့် အောင်ချမ်းသာ ဘုရားပွဲလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မှုခင်းများမဖြစ်ပွားစေရေး၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များအား အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးကောင်းနှင့် ရပ်မိရပ်ဖများ၊ ဘုရားပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့များ  တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ရဲပြန်ကြား