နေပြည်တော် ၁၀ ဒီဇင်ဘာ

 

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ရက်မှ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။

 

ရောင်းချပွဲတွင် တင်ပြရောင်းချမည့် ကျောက်မျက်ရတနာများ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ခင်းကျင်းနေရာချထားခြင်းများကို ဒီဇင်ဘာ ရက်မှ ၂၀ ရက်အထိ သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။

 

ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဒီဇင်ဘာ ၂၆ ရက်မှစ၍ မဏိရတနာကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင် အဆောက်အအုံ၌ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံသားရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ website ဖြစ်သည့် www.mining.gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ website ဖြစ်သည့် www.mge.gov.mm တွင် Download ရယူနိုင်ကြောင်း သိရှိရသည်။

 

ထို့ပြင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားလိုသူများအနေဖြင့် www.mge.gov. mm On-line Pre-Registration System တွင် မှတ်ပုံတင်ကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိသူနှင့် လိုင်စင်ရရှိသူများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတာလုပ်ငန်းရှင်များ အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြု မည်ဖြစ်ပြီး တက်ရောက်ဝယ်ယူမည့် နိုင်ငံသားရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်သည်။

 

ပြပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် (နေပြည်တော်) လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန၊ မိုးကုတ်တူးဖော်ရေးဌာန၊ မိုင်းရှူးတူးဖော်ရေးဌာန၊ ရန်ကုန်ပြတိုက်ဌာန၊ မန္တလေးစခန်းရုံး၊ ခန္တီးစခန်းရုံး၊ မိုးညှင်းစခန်းရုံး၊ မြစ်ကြီးနား စခန်းရုံးများတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်