ဖာပွန် ၁၁ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း စတင် ကောက်ယူခြင်းကို ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းမှစ၍ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ဖာပွန်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈)အုပ်စု တို့ရှိ ကောက်ကွက် (၂၇) ကွက်တို့၌ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန် အတွက် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)