သရက် ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအစည်းအဝေးခန်းမ၌ အခြေခံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း(၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြထွေးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၃၀ အား သဘာဝဘေးလျော့ပါးရေး၊ အသိပညာများ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေး၊ သဘာဝဘေးဒဏ်များ ကျရောက်လာပါက ခုခံကာကွယ်နိုင်စွမ်းရှိစေရေးအတွက်ဟူသော ရည်ရွယ်ချက်များဖြင့် ၁၁-၁၂-၂၀၁၉ ရက်နေ့မှ ၁၃-၁၂-၂၀၁၉ ရက်နေ့အထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)