နေပြည်တော်  ၁၁ ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစော သည် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းမှ တာဝန်ရှိသူများအား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

896332

 

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေ များနှင့် စပ်လျဉ်းသည့် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

(သတင်းစဉ်)