မကွေး ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်ဝင်းအတွင်းရှိ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ဖွင့်ပွဲအခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် ပြခန်းများအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်း- လင်းဟန်ဇေ
ဓာတ်ပုံ- သန်းနိုင်ဦး(ငဖဲ)