မကွေး ၁၁ ဒီဇင်ဘာ
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို မကွေးတက္ကသိုလ်ဝင်းအတွင်း၌ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာ့အသံခေတ်ပေါ် တေးဂီတနှင့်အတူ နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် အဆိုတော် ခင်မောင်ထူး၊ ဘိုဘိုဟန်၊ ဂျေမောင်မောင်နှင့် တက္ကသိုလ်လဲ့လဲ့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အဆိုတော်များ၊ ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရအဆိုရှင်များ၊ မကွေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် (မကွေး) တို့မှ ဝါသနာရှင် ကျောင်းသူ၊ ကျောင်းသူများက သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေလျှံ