ပန်းတနော် ၁၁ ဒီဇင်ဘာ         

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပန်းတနော်မြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အကြိုအစမ်းလေ့ကျင့်မှု အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပန်းတနော်မြို့ အမှတ် () အခြေခံပညာအထက်တန်း၊ စံပယ်ဆောင်ရှေ့၌ ကျင်းပသည်။

အဆိုပါ ကလေးစာပေပွဲတော်အား ဓနုဖြူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ဒီဇင်ဘာ ၁၃၊ ၁၄ ရက် နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်ကစားနည်း၊ အရုပ်ဆက် အိမ်ဆောက်ကစားနည်း၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဥ်များ ပါဝင်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂)အုပ်စုမှ ကျေးရွာခွဲပေါင်း (၄၄၉)ရွာနှင့် မြို့ပေါ် (၄)ရက်ကွက်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ အသင်းအဖွဲ့များ ပါဝင်ဆင်နွဲကြမည်ဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် (ပြန်/ဆက်)