ချောင်းဆုံ ၁၁ ဒီဇင်ဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက အကြောင်းအမျိုးမျိုးဖြင့် ကျဆုံးခဲ့သော ဂျပန်စစ်သားများ၏ အရိုးများကို ပြန်လည်ရှာဖွေနေသည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ ပထမအတွင်းဝန် MR. Wataru Suzuki ၊ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမိစိန်နှင့် ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Mr. Atsushi Hurano တို့ ဦးဆောင်သောအဖွဲ့သည့် ယနေ့ မွန်းလွဲ ၂ နာရီခန့်က တောင်စွန်းကျေးရွာအုပ်စု မုနိုင်းကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း မွန်ပြည်နယ်တွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သား/စစ်သမီး (၆၁၀၀)ဦး ခန့်ရှိပြီး ပထမအကြိမ် ရှာဖွေးရေးပြုလုပ်စဉ်က (၁၅၀၀)ဦးခန့်တို့၏ အရိုးများကိုရရှိခဲ့ရာ ဂျပန်နိုင်ငံသို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ကြောင်း၊ ယခုကျန်ရှိသည့် (၄၆၀၀)ဦးခန့်တို့၏ အရိုးများကို ထပ်မံရရှိပါက မှတ်တမ်းပြုစု သယ်ဆောင်ရန် ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းအဖသည် ဂျပန်အစိုးရ၏ ကိုယ်စားလာရောက်သည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

အဆိုပါရှာဖွေရေးအဖွဲ့သည် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျိုက်မုနိုင်းဘုရား ဂေါပကနှင့် ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား သိလိုသည်များမေးမြန်းကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပြီးနောက် ကျိုက်မုနိုင်းဘုရားအား ဖူးမျှော်ခဲ့ကြကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)