ကော့ကရိတ်  ၁၂    ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် စာပေချစ်သူများနှင့်လစဉ် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်လျှက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီချိန်က စာရေးဆရာ ဒေါက်တာဖေမြင့် ရေးသားထားသည့်  “တန်ဖိုးထားအပ်သောအရာများ’’ စာအုပ်ကို စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

 

ရှေးဉီးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနဉီဂစီးအရာရှိ ဉီးဝင်းရှိန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားပြီး စာအုပ်ပါအကြောင်းအရာများမှ ခေါင်းစဉ်အလိုက် ဆွေးနွေးကြရာ ကော့ကရိတ်မြို့နယ် စာရေးဆရာအသင်းဥက္ကဌ ဉီးမန်းတင့်မော်က အရောဝင်လျှင် အရိုသေတန်၊ နီးလွန်းလျှင်မမြင်နှင့် ပတ်သက်၍ “နေတတ်တဲ့သူ’’၊ BookClub အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သီသီဉီးက “လူကြီးနှင့်လူငယ် အဟောင်းနှင့်အသစ်’’၊ ဒေါ်သန်းသန်းမြင့်မှ’’ အတိုင်းအတာ မသိတဲ့လူ''၊ ဒေါ်ခင်ကြူအေးမှ''ဣန္ဒြေနဲ့ မနေတဲ့လူ''ဉီးတင်မောင်လှနှင့် ဉီးကျော်ဇေယျတို့မှ ''တန်ဖိုးထားအပ်သောအရာများ''ခေါင်းစဉ်တို့ကို အသီးသီးဆွေးနွေး ပြောကြားကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်သူများ၊ Youth Club အဖွဲ့ဝင်လူငယ်များမှ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)