နေပြည်တော် ၁၂ ဒီဇင်ဘာ

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီး Ms. Mori Masako နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Capacity Development Project) ကို ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလကို ၂၀၂၁ ခုနှစ် မတ်လအထိ တိုးမြှင့်ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လက်လှမ်းမီရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

သတင်းစဉ်