နေပြည်တော် ၁၂ ဒီဇင်ဘာ

 

အမျိုးသားအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် UNICEF မှ Mr. Pokhel Bishxnu တို့က အမှာစကား ပြောကြားကြသည်။

 

8

 

ယနေ့အခမ်းအနားသည် Sustainable Development Goal ၏ Goal (6) အရ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် WASH လုပ်ငန်းကို ၂၀၃၀ ခုနှစ်မတိုင်မီ ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် အရှိမ်အဟုန်မြှင့် တွန်းအားပေးနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။

 

သန့်ဇော်