နေပြည်တော် ၁၂ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး Mr.RonenGilor နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ကာလရှည်ကြာပြီးကောင်းမွန် ခိုင်မြဲသည့် နှစ်နိုင်ငံဆက်ဆံရေး၊ အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ မျက်မှောက်ဆက်ဆံရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေးလုပ်ငန်း မျက်နှာစာများတွင် အစ္စရေးနိုင်ငံ၏ ပူးပေါင်းပါဝင်မှု၊ အစ္စရေးနိုင်ငံက ကူညီပေးလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာနိုင်ငံမှ ပညာတော်သင်များကို ပိုမိုစေလွှတ်ရေးနှင့် အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
သတင်းစဉ်